Description
ကမ္ဘာပေါ်မှာ လူဖတ်အများဆုံး စာအုပ်စီးရီးများထဲက တစ်ခုဖြစ်တဲ့ Diary of a Wimpy Kid ကို ငတိလေးရဲ့ ဒိုင်ယာရီလို့ နာမည်ဖလှယ်ကာ မြန်မာဘာသာဖြင့် ဖတ်ခွင့်ရတော့မှာပဲဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဘာသာပေါင်း ၅၆ ဘာသာပြန်ဆိုထားပြီး စာအုပ် အုပ်ရေစုစုပေါင်း သန်း နှစ်ရာကျော်ထိ ရောင်းချထားရတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
ရုပ်ရှင်စီးရီးအဖြစ် ရိုက်ကူးထုတ်လွှင့်ခဲ့ရာမှာလည်း လွန်စွာ အောင်မြင်ခဲ့တဲ့ စီးရီးဖြစ်ပါတယ်။
လူငယ်တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်လမ်းဖြစ်ပေမယ့် မသိသေးဘူးများအတွက် ညွှန်းဆိုရမယ်ဆိုရင်တော့…
အကိုတစ်ယောက် ၊ ညီတစ်ယောက်ရှိပြီး သာမာန်မိသားစုထဲက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဘ၀ကို အခြေခံရေးသားထားတာဖြစ်ပါတယ်။
သာမန်ကျောင်းသားဘ၀ရဲ့ အလွဲအချော်များ၊ အကိုဖြစ်ရဲသူ့ အနိုင်ကျင့်မှူများ၊ မိသားစုအတွင်း တွေ့ကြုံရတဲ့အခက်အခဲများကို ရိုးရှင်းစွာ သရုပ်ဖော်ရေးဖွဲ့ထားပါတယ်။ ငတိလေးရဲ့ အတွေ့အကြုံတွေအားလုံးဟာ ကျွန်တော်တို့ ခင်ဗျားတို့တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံများထက် သိပ်ထူးလှတယ်လို့ မရှိပါဘူး။
ထူးတာကတော့ တင်ဆက်မှူပါပဲ။ ငတိလေးဟာ သူ့ဒိုင်ယာရီကို ကျွန်တော်တို့ ခင်ဗျားတို့လို ရိုးရိုးရေးခဲ့တာမဟုတ်ပါဘူး။ ချစ်စဖွယ် သရုပ်ဖော်ပုံလေးတွေနဲ့ သူ့စိတ်ရင်းကို သရုပ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ အရုပ်လေးတွေက အခုချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ အထင်ရှားဆုံး ဇာတ်ကောင်အရုပ်လေးတွေထဲက တစ်ရုပ်ဖြစ်လာပါတော့တယ်။
လူကြီးတွေအနေနဲ့ ဖတ်မယ်ဆိုရင် ကိုယ့်ငယ်ဘ၀ရဲ့ အလွဲအချော်လေးတွေကို ပြန်လည် အမှတ်ရကာ ပျော်ရွှင်ရယ်မောရမှာ ဖြစ်သလို လူငယ်များအတွက်လည်း ကိုယ့်အကြောင်းကို သူငယ်ချင်း တစ်ယောက်က ရေးပေးထားသလားထင်ရလောက်အောင် ဖြစ်ပေါ်စေမယ့် စာအုပ်ဖြစ်ပါတယ်။