နှောင်ကြိုးမဲ့ တွယ်ငြိခြင်း (ခင်သန္တာ)

This delightful book is the latest in the series, this is the story of how a tall, shy youth from Weston-super-Mare went on to become a self-confessed legend.

Category: Product ID: 1980

Description

“နှောင်ကြိုးမဲ့ တွယ်ငြိခြင်း” ဟာ ဘာဝတ္ထု အမျိုးအစားလဲဆိုရင်တော့ “အချစ်” ၀တ္ထုပါပဲလို့ လွယ်လွယ်ကူကူဖြေလို့ရပါတယ်။ ဒါပေမယ့် ဘယ်လို အချစ်ဝတ္ထုလဲဆိုရင်တော့ ဖြေရတာ နည်းနည်းရှူပ်ထွေးနိုင်ပါတယ်။
မြန်မာပြည်က သာမန်မိသားစု အများစုရဲ့ အိမ်ထောင်ဦးစီးတွေဟာ ပြည်ပကို ထွက်ခွာပြီး အလုပ်ကြမ်းများနဲ့ ရုန်းကန်လှူပ်ရှားနေရပါတယ်။

တချို့ကလည်း တရားဝင်။ တချို့ကလည်း တရားမ၀င်ပေါ့။ အဲဒီလို လှူပ်ရှားရင်း ပြည်တွင်းမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတစ်စုကို ပြိုကွဲပျက်စီးမှူ မရှိအောင် ထိန်းကျောင်းရတဲ့ အိမ်ထောင်ရှင်မတွေရဲ့ ဘ၀ကလည်း ခက်ခဲလှပါတယ်။
ရောင်စုံအချစ်တွေနဲ့ ရွှေရောင် အိပ်မက်တွေနဲ့စတင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ ထင်သလို မဖြစ်လာတဲ့အခါမှာတော့ ရှူပ်ထွေးမှူပေါင်းများစွာ စတင်လာပါတော့တယ်။

အခုစာအုပ်ကလည်း ရှူပ်ထွေးလှတဲ့ လူမှူဘ၀နောက်ခံ အချစ်ဇာတ်လမ်းများစွာကို ဆရာမ ခင်သန္တာရဲ့ ရသမြောက်အရေးအသားများနဲ့ ဖတ်ရှူနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
ခေတ်ပြိုင် လူနေမှူဘ၀ကို အကောင်းဆုံး ရောင်ပြန်ဟပ်ထားတဲ့ လုံးချင်း ၀တ္ထုရှည်တစ်ပုဒ်လည်း ဖြစ်ပါတယ်။