သေနတ်ပြောင်းများ လှည့်ကြလော့ (မောင်သွေးသစ်)

This delightful book is the latest in the series, this is the story of how a tall, shy youth from Weston-super-Mare went on to become a self-confessed legend.

Categories: , Product ID: 1956

Description

မြန်မာပြည် ဖွံဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံး အရာများစွာထဲမှာ အရေးတကာ့ အရေးကြီးဆုံး အရာကတော့ “ငြိမ်းချမ်းရေး” လို့ဆိုပါက ငြင်းခုန်မယ့်သူ အများကြီးရှိမယ် မထင်ပါဘူး။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကအစ ခေတ်အဆက်ဆက် စာရေးဆရာ၊ ကဗျာဆရာများ လိုလားတောင်းဆိုခဲ့တဲ့အရာဟာလည်း “ ငြိမ်းချမ်းရေး” ပဲ မဟုတ်ပါလော။

အခုလည်း ကဗျာဆရာ မောင်သွေးသစ်က“ သေနတ်ပြောင်းများလှည့်ကြလော့ ” ဆိုပြီး မြန်မာပြည်သူလူထုကိုယ်စား ငြိမ်းချမ်းရေး စကားလုံးများ ဖွင့်ထုတ်လိုက်ပါပြီ။ ငြိမ်းချမ်းရေး ကဗျာများ၊ ငြိမ်းချမ်းရေး စာများ ဖြန့်ချိလိုက်ပါပြီ။
သေနတ်ပြောင်းများ လှည့်ကြလော့ စာအုပ်မှာ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကဗျာ အပုဒ် ၅၀ ကျော်နဲ့ ဆောင်းပါး ၁၅ ပုဒ်တိတိ ပါဝင်ပါတယ်။
ဆရာ မောင်သွေးသစ်ဟာ ထင်ရှားတဲ့ ကဗျာဆရာကြီး တစ်ဦးဖြစ်သလို မြန်မာစာပေလောကအတွက် အရေးပါတဲ့ အယ်ဒီတာကြီး တစ်ဦးဖြစ်ပါတယ်။

စာပေလောကဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါခဲ့တဲ့ ချယ်ရီ မဂ္ဂဇင်း၊ မိုးဝေ မဂ္ဂဇင်း၊ သင့်ဘ၀ မဂ္ဂဇင်း၊ သည်းထိတ်ရင်ဖို့ မဂ္ဂဇင်းတို့မှာ တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သလို စာပေဂျာနယ်ကို တည်ထောင်ခဲ့သူများထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
စာပေလောကအတွေ့အကြုံရင့်ကျက်သူတစ်ဦးရဲ့ အတွေးအမြင်များ၊ ဖြတ်သန်းမှူများကိုလည်း တစ်ဝကြီး ဖတ်ရှူခံစားနိုင်မယ့် စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။